ဖယ်ဒရယ်တပ်မတော် တည်ထောင်အောင်မြင်သွားရင်စစ်အုပ်စုကျရှုံးဖို့ ၉၀%သေချာသွားပြီ
မြန်မာ့အနာဂတ်အတွက်အဖြေ။
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို နောက်ကွယ်နေ တိတ်တဆိတ်ဆွေးနွေးပြီးCRPH နဲ့ မပူးပေါင်းဖို့၊ NCA စာချုပ်ကို အသိမှတ်ဆက်ပြုဖို့ စစ်အုပ်စုက အပြင်းအထန်ကြိုးစားနေတယ်။ တရုတ်ကလည်းဒီကိစ္စမှာ စစ်အုပ်စုကို
နောက်ကွယ်ကနေထောက်ခံရပ်တည်ပေးနေတယ်။ ဖယ်ဒရယ်တပ်မတော် တည်ထောင်အောင်မြင်သွားရင် စစ်အုပ်စုကျရှုံးဖို့ ၉၀%သေချာသွားပြီဆိုတာကို တရုတ်နဲ့ မြန်မာစစ်အာဏာရှင်တွေက သေချာနားလည်ထားကြတယ်။ ဒါကြောင့် ဖယ်ဒရယ် တပ်မတော် ဖွဲ့စည်းမှုမအောင်မြင်ရေးဖြစ်အောင် နည်းပေါင်းစုံနဲ့ကြိုးစားနေကြတာဖြစ်တယ်။စစ်အုပ်စုရဲ့ စစ်တပ်မှာ တပ်ပြေးတွေ အရမ်းများလာနေပါတယ်။ KNUကို တိုက်ဖို့တောင် မဝံ့မရဲ ဖြစ်နေပါတယ်။ အရှက်မကွဲအောင်လို့ ရှိတဲ့ တပ်
တွေ လှိမ့်ပို့ပြီး ချေမှုန်းတော့မယောင်ဟန်ဆောင်ထားရပါတယ်။ ကချင်၊ကရင် စစ်မျက်နှာ နှစ်ခုကိုတပြိုင်နက်တည်းတိုက်ဖို့ အခက်တွေ့နေတဲ့ စစ်တပ် ဟာ ရခိုင်၊တအောင်းနဲ့ ကိုးကန့်တို့ ရဲ့စစ်မျက်နှာသစ်ဖွင့်ဖို့ ပြင်ဆင်နေတာကို ထိတ်လန့်နေရပါတယ်။ဒါကြောင့် တိုက်လေယာဥ်တွေ သုံးပြီးအပြင်းထန် ဟန့်တားထားနေရပါတယ်။ ကချင်၊ကရင်၊ရခိုင်၊ရှမ်း၊ကိုးကန့်နဲ့ တအောင်းဒေသတွေမှာ တိုင်းရင်းသား တပ်တွေက တပြိုင်နက်တည်း ထိုးစစ်ဆင်လာယင် စစ်အုပ်စုပြိုကွဲ သွားနိုင်ပါတယ်။ အဲ့ဒီလိုအချိန်မှာ ဖယ်ဒရယ်တပ်မတော်ဖွဲ့စည်းပြီး ပြည်မက လူထုအင်အားကို တိုင်းရင်းသားလက်နက်ကိုင်အင်အားနဲ့ ပေါင်းစပ်ပေးပြီး လက်နက်တပ်ဆင်ပေးလိုက်ယင်
၁ လအတွင်း စစ်အုပ်စုချေမှုန်းခံရပါလိမ့်မယ်။ UWSA ရဲ့သဘောထား ကတော့အခုချိန်အထိ ရှင်းလင်း ပြတ်သားခြင်းမရှိသေးပါဘူး။ စစ်အုပ်စုချေမှုန်းခံရယင် တရုတ်ကွန်မြူနစ်တပ်တွေ သေချာပေါက် မြန်မာပြည်ထဲ ဝင်လာမှာပါ။ ဖယ်ဒရယ်တပ်မတော်ဟာ စစ်အုပ်စုကိုသာမက တရုတ်တပ်တွေကိုပါ တိုက်ခိုက်ရမှာဖြစ်လို့သေချာပေါက်ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။စစ်အုပ်စုက အခု ပြည်သူလူထုကိုချော့ပြီးပျော့ဆွဲ နည်းနဲ့ စည်းရုံးတဲ့ဗျူဟာကို ကျင့်သုံးဖို့ပြင်ဆင်နေပါတယ်။တရုတ်သင်ပေးတဲ့နည်းပါ။ စစ်အုပ်စုထင်နေတာက အင်တာနက်ဖြတ်ထားယင် လူထုအရေးတော်ပုံ အင်အားနည်းသွားလိမ့်မယ်ဆိုတဲ့ ထင်ကြေးပါ။ မှားနေတယ်ဆိုတာ တဖြည်းဖြည်းသိ
သာလာပါပြီ။ ယနေ့ခေတ်ကမ္ဘာကြီးမှာ ဘယ်သတင်အ ချက်အလက်ကို မှ ထိန်းချုပ်ကန့်သတ်လို့မရတော့ပါ။ပြည်သူတွေအနေနဲ့ ၂၀၂၁ ပြည်သူ့အရေးတော်ပုံဟာ မြန်မာ့ ဒီမိုကရေစီအနာဂတ်ကို အဆုံးဖြတ်ပေးမှာဖြစ်လို့အင်တိုက်အားတိုက်ပြတ်သားစွာဆက်လက်ပါဝင်ကြဖို့လိုပါတယ်။ တော်လှန်ရေးဟာ ကြာရှည်နိုင်ပါတယ်။ UN နဲ့အနောက်အုပ်စုရဲ့ အကူညီကို မျှော်တာလည်းမျှော်ပါ။ သို့သော် ကိုယ့်အား ကိုယ် ကိုးပြီး စစ်အုပ်စုရဲ့ လက်နက်ကိုင်စစ်တပ်ကို ယှဥ်ပြိုင်ချေမှုန်းနိုင်တဲ့ ဖယ်ဒရယ် လက်နက်ကိုင်အင်အားစုကြီး တခုတည်ထောင်ပါ။ နယ်မြေထိန်းချုပ်စိုးမိုးရေးအဆင့်ရသည်အထိ တိုက်ပါ။ ဒါမှသာသေချာမည်။တခြား အရေးယူပိတ်ဆို့ဒဏ်ခတ်မှု
တွေ၊ ပြစ်တင်ဝေဖန်မှုတွေ၊ ICC မှာတရားစွဲဆိုမှုတွေဟာ စစ်အာဏာရှင်ကို တိုက်ဖျက်ရေးအတွက် လိုအပ်သည် မှန်သော်လည်း အဓိက မကျပါ။စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်း နိုင်ဖို့အတွက်ဆိုတာဟာ ဟာ ဖယ်ဒရယ်တပ်မတော်တည်ထောင်နိုင်ခြင်းသည်သာ အဖြေဖြစ်ပါတယ်။
Credit to Myo Gyi of crd# Ma Ngae